နေပြည်တော်၊ မန္တလေး နှင့် စစ်ကိုင်းရှိ မြေငလျင်ဒဏ်ခံပြည်သူများအတွက် လှူဒါန်းခြင်း

  9/ April / 2025

၁။ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက် သောကြာနေ့ မွန်းလွဲ (၁၂) နာရီ (၅၅) မိနစ်ဝန်းကျင်တွင် (၇.၇) ရစ်ချက်တာစကေးရှိ အလွန်အင်အားပြင်း မြေငလျင်သည် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်မှုကြောင့် ရှေးဟောင်းယဥ်ကျေးမှု အမွေ အနှစ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ကျောင်းများ၊ လူနေအိမ် အဆောက်အုံများ၊ ဟိုတယ်များ ပျက်စီးဆုံးရှုံးခဲ့ကြပြီး ပြည်သူများလည်း အသက်အိုးအိမ်စည်းစိမ် များလည်း ဆုံးရှုံးခဲ့သည့် နေပြည်တော်၊ မန္တလေး နှင့် စစ်ကိုင်းရှိ မြေငလျင်ဒဏ်ခံပြည်သူများအတွက် အရေးပေါ် ကူညီထောက်ပံ့ရေးလုပ်ငန်း များကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၉)ရက်၊ (၁၀)ရက် နှင့် (၁၁) ရက်နေ့များတွင် ရရှိသည့် လှူဒါန်းငွေ ငွေသား ၆၂,၁၃၀,၀၀၀ ကျပ် အပေါ် ငွေကျပ် ၄၉,၆၂၄,၁၄၉ ကျပ် တိတိ နှင့် ပစ္စည်းလှူဒါန်းမှု တန်ဖိုးသင့်ငွေ ၉,၀၀၂,၈၀၀ ကျပ် ကို အမှန်တကယ်လိုအပ်နေသည့် နေရာဒေသများသို့ အောက်ပါအတိုင်း လှူဒါန်းခဲ့ ပါသည်-

  • (က) နေပြည်တော်
  • (ခ) ကျောက်ဆည်ဖျောက်ဆိပ်ပင်
  • (ဂ) ကျောက်ဆည် စုပေါင်းရုံး
  • (ဃ) ကျောက်ဆည်မင်းရပ်
  • (င) ကျောက်ဆည်စက်မှုလက်မှုအထက်တန်းကျောင်း
  • (စ) စဉ့်ကိုင် မြို့မ
  • (ဆ) မြစ်သား
  • (ဇ) စစ်ကိုင်း “သုတဇေယျာ” သီလရှင်စာသင်တိုက်
  • (စျ) စစ်ကိုင်း “မစိုးရိမ်တိုက်သစ်” သီလရှင်စာသင်တိုက်
  • (ည) စစ်ကိုင်း “မတောင့်တ” သီလရှင်စာသင်တိုက်
  • (ဋ) စစ်ကိုင်း “ခေမာသေက” သီလရှင်စာသင်တိုက်
  • (ဌ) အိမ်ပြိုပျက်စီး၊ လူသေ အိမ်ခြေစုများ
  • (ဍ) တိုက်ပြိုအိမ်ထောင်စုများ
  • (ၒ) “သိုးတန်း” ရပ်ကွက် အိမ်ပြိုပျက်စီးအိမ်ထောင်စုများ
  • (ဏ) “လေးကြိုးမျှင်” ရပ်ကွက် အိမ်ပြိုပျက်စီးအိမ်ထောင်စုများ
  • (တ) ကျောက်ဆည်ရွှေအိမ်တော် စေတနာ့လူမှုကယ်ဆယ်ရေးအသင်း

၂။ ယခုလို လှူဒါန်းနိုင်အောင် ငွေအား/ပစ္စည်းအားဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီခဲ့သည့် လုပ်ငန်း ရှင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ လှူဒါန်းမှုပြုနိုင်အောင် ထုတ်ပိုးပြင်ဆင်ပေးခဲ့သည့် အဏ္ဍာဝါထွန်း ကုမ္ပဏီလီမိတက်မှ ဦးသက်အောင်နှင့် ဝန်ထမ်းများ၊ ရဲရင့်ကုမ္ပဏီလီမိတက်မှ ဦးကျော်ကျော်လင်း နှင့် ဝန်ထမ်းများ၊ အောင်သိန်းသန်းကုမ္ပဏီလီမိတက်မှ ဒေါ်ဝင်းလဲ့အေး နှင့် ဝန်ထမ်းများ နှင့် ရုံးအဖွဲ့ မှ ဝန်ထမ်းများ၊ Vinyl အင်္ကျီများ၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် မှတ်တမ်း Video တို့တွင် လိုအပ်သည့် Design များကို အချိန်မီဆောင်ရွက်ပေးပါသော ရဲရင့်ကုမ္ပဏီလီမိတက်၊ ထိထိရောက်ရောက် မြေပြင်တွင် ကိုယ်ထိ လက်ရောက် လှူဒါန်းပေးခဲ့သည့် ရဲရင့် ကုမ္ပဏီလီမိတက်မှ ရန်ကုန်အခြေစိုက် နှင့် မန္တလေးအခြေစိုက် ဝန်ထမ်းများ၊ Treasurer ဦးစိုးမင်းဟန်နှင့် ရုံးအဖွဲ့များ၊ အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးပါသော စီမံခန့်ခွဲ‌ရေးကော်မတီဝင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျန်ရှိသည့် လက်ကျန်ငွေနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဒုတိယအကြိမ်လှူဒါန်းနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက် ပူးပေါင်းပါဝင်ပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအသင်း