ကျေးဇူးတင်ရှိခြင်း

  9/ April / 2025

ငလျင်ဒါဏ်သင့်ဒေသများသို့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်၊ ၁၀ရက် နှင့် ၁၁ ရက်နေ့များ တွင် နေပြည်တော်၊ မန္တလေး နှင့် စစ်ကိုင်းဒေသများသို့ သွားရောက်လှူဒါန်းမှုတွင် LSEA အသင်း၏ကိုယ်စား အချိန်ပေး၍လည်းကောင်း၊ ရုံးအဖွဲ့များ စေလွတ်၍ တိုက်ရိုက်လှူဒါန်းမှု များ စီမံဆောင်ရွက်ပေးခဲ့ပါသော SG ဦးကျော်ကျော်လင်း နှင့် ရုံးအဖွဲ့များ၊ MCs, CECs, ECs, LSEA အသင်းဝင် များနှင့် EO Daw Cho Cho Nyunt နှင် ရုံးအဖွဲ့တို့အား LSEA အသင်းမှ များစွာ ကျေးဇူးတင်ရှိပါသည်။

ငလျင်ဒါဏ်သင့်ပြည်သူများအတွက် စာနာမှုအပြည့်ဖြင့် အားတက်သရော ငွေအားဖြင့် လည်းကောင်း၊ လိုအပ်သော ပစ္စည်းများ ထောက်ပံ့ပေးပို့၍လည်းကောင်း၊ လုပ်အားဖြင့် လည်းကောင်း၊ သင့်လျှော်သော အကြံညဏ် များပေး၍လည်းကောင်း ကူညီဆောင်ရွက်ပေးကြ သော LSEA MCs, CECs, ECs များ, LSEA members များ, LSEA EO နှင့် ရုံးအဖွဲ့များ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။