12/ July / 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များ အသင်း (LSEA) ရုံးခန်းမ၌ ကျင်းပသည့် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအမှတ်စဉ်(၆/၂၀၂၅)၌နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး(AGM)အား စက်တင်ဘာလတွင် ကျင်းပမည် ဖြစ်သဖြင့် သင်းဖွဲ့စည်းမျဥ်း ပြင်ဆင်နိုင်ရေး၊ ပံ့ပိုးမှုအဖြစ် Sponsors များခေါ်ယူရေး၊ သွင်းကုန်လိုင်စင် လျှောက်ထားမှုဆိုင်ရာကိစ္စရပ်များ၊ အတုအပ ပစ္စည်းများရောင်းချသည့် အရောင်းဆိုင်များအား PPRD မှ ညွှန်ကြားချက်များကို ကိုးကား၍ awareness ပြုလုပ်ရန်နှင့် အသင်းဝင်ခြင်းနှင့် လိုင်စင်လျှောက်ထားခြင်းကိစ္စရပ်များအား Database တစ်ခု တည်ဆောက်၍ အချိန်နှင့်တပြေးညီတင်ပြနိုင်ရေး Software ရေးဆွဲမည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြပါသည်။