21/ September / 2025
စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များအသင်း " တတိယအကြိမ်နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး" ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ရာ အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ၊ သင်းဖွဲ့စည်းမျဥ်းပြင်ဆင်ခြင်း၊ အတည်ပြုခြင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နှစ်ချုပ်ငွေစာရင်းရှင်းတမ်း ဖတ်ကြားခြင်း၊ အတည်ပြုခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဥ်များကိုလည်း ဆွေးနွေးနိုင်ခဲ့ပြီး အစည်းအဝေးအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။